Local News

စစ်တပ်ထိပ်‌ပိုင်းခေါင်းဆောင်တွေကျကုန်ကြပြီ

ရခိုင်တွင် စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်မှု အပေါ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ် စကားများရာမှ ထိုးကြိတ်မှုဖြစ်၊ တိုင်းမှူး သွားကျိုးပြီး ဒကစမှူး နှာခေါင်းရိုးကျိုး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အကြီးအကျယ်ရှုံးနိမ့်နေမှုနှင့်ပတ်သက်ပြီး တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ်စကားများကြရာမှ ထိုးကြိတ်မှုဖြစ်ကြကြောင်း ရခိုင်ပြည် နယ်စစ်ကောင်စီရုံးထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေမှု၊ ရခိုင်တောင်ပိုင်းအထိပါ စစ်မီးများ ကူးစက်လာမှုအပေါ် ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်အပေါ် ပြစ်တင် စကားဆိုရာမှ ရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကိုယ်ထိလက်ရောက် ထိုးကြိတ်ကြရာမှ ဗိုလ်ချုပ်ထင်လတ်ဦး သွားကျိုးပြီး ဗိုလ်မှူးချုပ် […]

Local News

စစ်မှုထမ်းဥပဒေနှင့်အတူ တရားဝင်ပေါ်တာဆွဲခွင့် ပြုလိုက်ပြီလား

စစ်မှုထမ်းဥပဒေနှင့်အတူ တရားဝင်ပေါ်တာဆွဲခွင့် ပြုလိုက်ပြီလား ၀၀၁ ရေးသားသည်။ သုံးဘီးမောင်းသည့် ကိုမောင်မောင်(အမည်လွဲ)က အရင်ကဆိုလျှင် ည ၉ နာရီဝန်းကျင်တွင် အလုပ်သိမ်းသော်လည်း ညနက်ပိုင်းအထိ ဖုန်းဆက် ဌားသူရှိပါက ဝမ်းသာအားရ လက်ခံစမြဲပင်။ သို့သော် လက်ရှိအချိန်တွင် ည ၆ နာရီခွဲဝန်းကျင်ရောက်သည်နှင့် ကိုမောင်မောင်က အလုပ်သိမ်းသည်။ ထို့နောက် မည်မျှရင်းနှီးသူဖြစ်စေ လာရောက်ဌားရမ်းပါက ငြင်းလွှတ်စမြဲပင်။ “အဲ့ဒီဥပဒေထွက်ပြီးမှ ပိုဆိုးလာတာ” ဟု ကိုမောင်မောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ရည်ညွှန်းပြောဆိုသည်။ ကိုမောင်မောင်မှာ နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး သူ့မိတ်ဆွေအများက သူနေထိုင်ရာဒေသသည် မြန်မာပြည်တွင် အလုံခြုံဆုံးနေရာဖြစ်သည်ဟုပင် စနောက်လေ့ရှိသည်။ သို့သော် ကိုမောင်မောင်က ပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း လူမှုကွန်ရက်တွင် ခပ်စိတ်စိတ်မြင်တွေ့လာရသည့် လူပျောက်ကြေညာများကြောင့် ပေါ်တာအဆွဲခံရမည်ကို စိုးရိမ်နေသည်ဟု ပြောသည်။ “အဲ့ဒီနောက်ပိုင်းဆို မနေရဲတော့ဘူး။ အဲ့ဒီလိုဆွဲတာတွေ ဘာတွေကြားရတော့။ […]

Local News

ရမ်းဗြဲသို့ ရဟတ်ယာဉ် ၄စီးဖြင့်စစ်ကူပို့သည့် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှ ထက်ဝက်ကျော်ကိုAA ချေမှုန်း ၊ကျန်​နေသူများကိုဆက်လက်တိုက်ခိုက်

ရမ်းဗြဲသို့ ရဟတ်ယာဉ် ၄စီးဖြင့်စစ်ကူပို့သည့် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှ ထက်ဝက်ကျော်ကိုAA ချေမှုန်း ၊ကျန်​နေသူများကိုဆက်လက်တိုက်ခိုက် ▪︎လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း၊ ကျည်များစွာရရှိ​ကြောင်း အသိပေး ▪︎မောင်တောရှိ တောကျောင်းစခန်း၊ ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်း၊ ပုဏ္ဏားကျွန်း ခမရ(၅၅၀) တပ်ရင်း၊ မင်းပြား တိုင်းဗဟို လေ့ကျင့်ရေးကျောင်းတို့အား AA ဆက်လက်ထိုးစစ်ဆင် ရှိုင်း/People’s Spring ရက္ခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ လေကြောင်းမှ စစ်ကူပို့လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက် တိုက်ပွဲသတင်းများကို အသိပေးရာ၌ ရမ်းဗြဲဒေသ စစ်ရေးအခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ရမ်းဗြဲကို စစ်ကောင်စီက […]

Local News

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက် စစ်ရှုံးနေပြီဖြစ်ပြီး အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ရန် AA စစ်ဦးစီးချုပ် သတိပေး

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက် စစ်ရှုံးနေပြီဖြစ်ပြီး အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ရန် AA စစ်ဦးစီးချုပ် သတိပေး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့်အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ညစပ် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေး လိုက်သည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။ “ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှု့ကိုလေးစားပါတယ်။ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသောအကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မည်” ဟု AA စစ်ဦးစီးချုပ်က ရေးသားထားသည်။ ထို့ပြင် “တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလငယ်တွေကို ပစ်မှတ်ထား […]