Local News

ငှက်ကင်က၂ကောင်တဲ့

‼️Breaking News – ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစ်စီး ထပ်မံ ပျက်ကျ‼️

■ စလင်းမြို့နယ်တွင် ပျက်ကျခဲ့တဲ့ MIG-29 မှာ ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ခြင်းဖြစ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဇယ်တွင်းရွာ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် အကြမ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခွဲကျော် အချိန်က ပွင့်ဖြူမြို့နယ် ဇယ်တွင်းရွာ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် အကြမ်းဖက် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ကာ စစ်ခွေး ၃ ကောင် လေထီးနဲ့ခုန်ဆင်းခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပြီး၊ ရဟတ်ယာဉ် ပျက်ကျပြီး ခဏအကြာတွင် စစ်ကောင်စီ လက်ပါးစေ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြောင်း ကင်းထောက်သတင်းအရ အတည်ပြု သိရှိရပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်က စလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ MIG-29 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး အဆိုပါ လေယာဉ်အမှတ်မှာ Tail No. 2721 ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို ​လေ​ကြောင်းတိုက်ခိုက်ပြီး အပြန် မင်းပြား​မြို့နယ်ပေါ်ဖြတ်ပျံချိန်တွင် ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပါတယ်။

Source ~ NAS

Leave a Reply

Your email address will not be published. Required fields are marked *