Local News

လောင်စမ်းကုန်ပြီ အဘရေ

ပုဏ္ဏားကျွန်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ဟု AA ထုတ်ပြန်(ရုပ်/သံ) ရန်ကုန်၊ မတ် ၁ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန် ပုဏ္ဏားကျွန်းမြို့သို စစ်တွေမြိံမှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းကို အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်AA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကူ စစ်ကြောင်းကို ဟန့်တားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ သံချပ် ကာကား ၂ စီးကိုလည်း အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် […]

Local News

ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖ ကြေညာ

Breaking News- ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖ ကြေညာ ရန်ကုန်၊ မတ် ၁ ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖက တရားဝင် ကြေညာလိုက်သည်။ ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ရန်ကုန်မြစ်အတွင်းမှ စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး လေယာဉ် ဆီချရန် ​စောင့်ဆိုင်း​နေ​သော Jet A1 ​လေယာဥ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်းပကဖ (​​ရေငုပ်အထူးတပ်ဖွဲ့)က ချိန်ကိုက်TNT မိုင်း အသုံးပြု၍ ​ပေါက်ကွဲမှုဖြစ်​စေရန် မစ်ရှင်​ဆောင်ရွက်ခဲ့ခြင်း ဖြစ်​ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြု​ပြောကြားသည်။ “ဒီသင်္ဘောက […]

Local News

ငှက်ကင်က၂ကောင်တဲ့

‼️Breaking News – ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစ်စီး ထပ်မံ ပျက်ကျ‼️ ■ စလင်းမြို့နယ်တွင် ပျက်ကျခဲ့တဲ့ MIG-29 မှာ ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ခြင်းဖြစ် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဇယ်တွင်းရွာ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် အကြမ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခွဲကျော် အချိန်က ပွင့်ဖြူမြို့နယ် ဇယ်တွင်းရွာ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် အကြမ်းဖက် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ကာ စစ်ခွေး ၃ ကောင် လေထီးနဲ့ခုန်ဆင်းခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပြီး၊ ရဟတ်ယာဉ် […]

Local News

စစ်တွေမြို့မစျေးသို့ စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးထက်မနည်းသေဆုံး ၊သေဆုံးသူ အရေအတွက် တိုးလာနေပြီး ဒဏ်ရာရသူ အလွန်များပြား

Breaking News- စစ်တွေမြို့မစျေးသို့ စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးထက်မနည်းသေဆုံး ၊သေဆုံးသူ အရေအတွက် တိုးလာနေပြီး ဒဏ်ရာရသူ အလွန်များပြား ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ ရခိုင်ပြည်နယ်၊ မြို့တော်ဖြစ်သော စစ်တွေမြို့၊ မြို့မစျေး၊ ကိုရီးယားဆိပ်ကမ်းအတွင်းသို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးထက်မနည်းသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းစျေးအတွင်းသို့ကျရောက်ပြီး လူ ၇ ဦးထက်မနည်းသေဆုံးပြီး လက်ရှိတွင် ဆေးရုံရောက်ရှိသေဆုံးသူများပါ ပေါင်းပါက သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကြောင်း၊ ဒဏ်ရာရသူ အလွန်များပြားကြောင်း သိရှိရသည်။ “သေတာရော […]

Local News

ရန်ကုန် Mytel ရုံးချုပ် ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန် Mytel ရုံးချုပ် ဖောက်ခွဲတိုက်ခိုက်ခံရ ~~~ ■ ရန်ကုန်တိုင်း ဒဂုံမြို့နယ် ဦးထောင်ဘိုအဝိုင်းနားက စစ်ကောင်စီဥက္ကဋ္ဌ မိသားစုပိုင်ဆိုင်ထားတဲ့ Mytel ရုံးချုပ်ကို ဖေဖော်ဝါရီ ၂၈ နေ့ မနေ့ညနေပိုင်း ၆ နာရီမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောပါတယ်။ တော်လှန်ရေးမဟာမိတ်တွေဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့က ပူးပေါင်းပြီး စစ်ကောင်စီ ဥက္ကဋ္ဌရဲ့သားပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီ (Mytel) ရုံးချုပ်ကို ပြင်းအားကောင်းတဲ့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုလည်း တိုက်ခိုက်ခဲ့ကြတဲ့ နှစ်ဖွဲ့လုံးက ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ လုံခြုံရေးနှစ်ဦးသေဆုံးပြီး အဆောက်အအုံလည်း ပျက်စီးသွားကြောင်း Yangon Army (YA) အဖွဲ့ကပြောပေမယ့် RFA […]

Local News

စွပုရေ အံကြိတ် ငိုလိုက်ဦး အဲမှာ

ချောင်းဦးမြို့တွင် ထမင်းထုပ် ပို့ပြီး ပြန်လာသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး   ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် ထမင်းထုပ်ပို့ပြီး ပြန်လာသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကျောက်တန်းဘက်မှ စစ်ကြောင်းထိုးပြီး မြပုလဲ စစ်တပ် စခန်းကို ပြန်လည်ရောက်ရှိလာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို […]

Local News

ပေါက်ခေါင်းတွင် လှည်းကူးရွာအနီး တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပေါက်ခေါင်းတွင် လှည်းကူးရွာအနီး တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် လှည်းကူးရွာအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ချိန်ခန့်အချိန် လှည်းကူးရွာအနီးတွင် အထိနာပြီး စခန်းချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၂ ဧရာညီနောင် […]

Local News

ခြောက်ဦးသေ၊ သေနတ်သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မုံရွာနှင့် ရွှေဘိုတွင် ပျူစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး ခြောက်ဦးသေ၊ သေနတ်သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ အောင်ဇေယျ/People’s Spring စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ရွှေဘိုမြို့နယ်တွင် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ခြောက်ဦးသေဆုံးကာ သေနတ် သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်က မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင် စစ်ဆေးရေးဂိတ်မှ တောပုပျူစောထီးကျေးရွာသို့ ဆိုင်ကယ် သုံးစီးဖြင့် ရိက္ခာသယ်ပြန်လာသော ပျူစောထီး သုံးဦးနှင့် အမျိုးသမီးပျူစောထီး တစ်ဦးအား တော်လှန်ရေးအင်အားစုများက စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်​မှုကြောင့် ပျူစောထီး သုံးဦး နေရာတင်သေဆုံးပြီး အမျိုးသမီးပျူစောထီးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက် သွားကြောင်း မုံရွာခရိုင်အမှတ်(၇)တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “တောပု ပျူရွာကနေ မုံရွာမြို့ထဲကို […]